ယခုလ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် အာဆီယံဆိုင်ရာ တရုတ်သံတမန်အဖွဲ့တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၇၀ ပြည့်မြောက်နှစ် အထမ်းအမှတ် ဧည့်ခံပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ ပူးတွဲ ပြုလုပ်ခဲ့ရာ အင်ဒိုနီးရှားအစိုးရကိုယ်စားလှယ်၊ ကုန်သွယ်ရေးဝန်ကြီး Enggartiasto Lukita၊ အင်ဒိုနီးရှား မြေယာနှင့် လေဟာပြင်စီမံကိန်း ဝန်ကြီးဌာနမှ ဝန်ကြီး Sofyan Djalil ၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး Abdurrahman M. Fachir၊ အင်ဒိုနီးရှားနှင့် အာဆီယံဆိုင်ရာ နိုင်ငံအသီးသီးမှ သံတမန်များ၊ အင်ဒိုနီးရှား အလွှာပေါင်းစုံ၊ အင်ဒိုနီးရှားရောက် တရုတ်အနွယ်ဖွားများ၊ တရုတ်ကုမ္ပဏီများနှင့် ပညာတော်သင်များ စုစုပေါင်း ၁၈၀၀ ကျော်တို့သည် ယင်းဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။