辛甜

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ တည်ထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်၌ ကျင်းပ

(GMT+08:00)2019-09-27 13:27:33  

图片默认标题_fororder_1 出席国庆招待会的中缅嘉宾合影.JPG

图片默认标题_fororder_2 中国驻缅甸大使陈海致辞.JPG

图片默认标题_fororder_3 缅甸第一副总统敏瑞致辞.JPG

图片默认标题_fororder_5 中缅嘉宾在展台前浏览书籍.JPG

图片默认标题_fororder_4 “与中国同行-中缅媒体交流合作展”在内比都举行.JPG

ယခုလ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ တည်ထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်၌ ကျင်းပ ခဲ့သည်။ မြန်မာနိုင်ငံ ဒုသမ္မတဦးမြင့်ဆွေနှင့်ဇနီး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို စသည့် မြန်မာအစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီကိုယ်စားလှယ်၊ တရုတ်အနွယ်ဖွားများ၊ မြန်မာပြည် ရှိတရုတ်ကုမ္ပဏီမှ ကိုယ်စားလှယ် ၁၀၀၀ ခန့်တို့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်ဟု China Media Group မှ သတင်းအရသိရပါသည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က အဖွင့် အမှာစကား ပြောကြားရာတွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) အတွင်း အလွန်ထူးခြားသည့် နှစ်ကာလ များအား ဖြတ်ကျော် ခဲ့ရပြီး အလွန်နောက်ကျသည့် အခြေအနေ မှ တစ်မူထူးခြားသည့် တရုတ် နိုင်ငံ ဆိုရှယ်လစ်ဝါဒ ဖြင့် ခေတ်ကာလသစ် သို့ ရောက်ရှိနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) အတွင်း ပြုပြင်ပြောင်းလဲရေး ဖွံ့ဖြိုးတိုးတက်မှု ခရီးစဉ် အား ပြန်လည် သုံးသပ်မည် ဆိုပါက တရုတ်လူမျိုး ပြန်လည်တည်ထောင်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တရုတ် ကွန်မြူနစ်ပါတီ နှင့် အစိုးရ ၏ လုပ်ငန်းဆောင်ရွက်ရန် အခြေခံဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ နှင့် အစိုးရ က ရှေ့ဆက်၍ ပြည်သူများကို အရင်းခံအဖြစ်ထားသည့် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအမြင် ကို ခိုင်မြဲစွာ ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး လှပသော ခေတ်သစ်ဆိုရှယ်လစ်ဝါဒ အင်အားကြီး နိုင်ငံဖြင့် တရုတ်လူမျိုးများ၏ စိတ်ကူးမျှော်မှန်းချက်ကို အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ၏ ဆက်ဆံရေးသည် ခေတ်ကာလသစ် သို့ စတင် ဝင်ရောက်ခဲ့ပြီးဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ် များကိုလည်း ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အတူတကွ ကြိုးပမ်းကာ အဆင့်မြင့် အရာရှိများ ကူးလူးဆက်ဆံရေး အား ဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်-မြန်မာ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက် ပြီး ပိုမိုလှပ ကောင်းမွန်သော တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အား ချဲ့ထွင်သွားလိုကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် တရုတ်-မြန်မာမီဒီယာ ကူးလူးဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှုပြပွဲ ကိုလည်း ကျင်းပခဲ့သည်ဟု သိရပါသည်။