邹立莹

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင် သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲ ပြုလုပ်

(GMT+08:00)2019-09-26 16:15:42  

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင် သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲကို ယခုလ ၂၅ရက်နေ့က ဖနွမ်းပင်မြို့၌ ပြုလုပ်ခဲ့ကြောင်း၊ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟန်ဆန်နှင့် ဇနီး၊ ဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးတီပန်အပါအ၀င် ဒုဝန်ကြီးချုပ်၆ဦး၊ သက်ဆိုင်ရာနိုင်ငံမှ သံ​တ​မန်များ၊ တရုတ်ကုမ္ပဏီများ၊ ပညာတော်သင်ကျောင်းသားကျောင်းသူများနှင့် တရုတ်အနွယ်ဖွား ကိုယ်စားလှယ်များ စုစုပေါင်းလူ ၅၀၀ကျော်တို့သည် အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။