李悦

ထိုင်းနိုင်ငံရှိ တရုတ်ပညာတော်သင်များနှင့် ပညာရှင်များက ၂၀၁၉ခုနှစ် တရုတ်အမျိုးသားနေ့ ပဒေသာကပွဲကျင်းပ

(GMT+08:00)2019-09-24 10:48:01  

    ယမန်နေ့ ၂၃ ရက်နေ့ညက ထိုင်းနိုင်ငံရှိ တရုတ်ပညာတော်သင်များနှင့် ပညာရှင်များက ၂၀၁၉ခုနှစ် တရုတ်အမျိုးသားနေ့ အထိမ်းအမှတ်ပဒေသာကပွဲကို ဘန်ကောက်မြို့ရှိ Chulalongkorn တက္ကသိုလ် တေးဂီတခန်းမ၌ ကျင်းပခဲ့ကြောင်း၊ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လွီကျန့်၊ ထိုင်းပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေး ကော်မတီအရာရှိ၊ ထိုင်းနိုင်ငံရှိ တရုတ်ဘာသာသင်ကြားရေးဆရာ၊ ဆရာမများအသင်း ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံရှိ တရုတ်ကျောင်းသားကျောင်းသူများအသင်းဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံရှိ တရုတ်အနွယ်ဖွားများနှင့် ကွန်ဖြူးရှပ် တရုတ်ဘာသာစာသင်ကျောင်း၊ တက္ကသိုလ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။