辛甜

တရုတ်-မြန်မာ ကုန်သွယ်မှု နှစ်စဉ်တိုးတက်နေကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြောကြား

(GMT+08:00)2019-09-24 09:01:12  

图片默认标题_fororder_微信图片_20190924085808

       ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့အထိ နန်နင်းမြို့တွင် ကျင်းပသည့် (၁၆)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ကုန်စည်ပြပွဲတွင် ဦးမြင့်ဆွေက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရာတွင် ကုန်သွယ်မှုလုပ်ငန်းသည် အဓိကပါဝင်ပြီး ကုန်စည်ပြပွဲများ စတင်ဆောင်ရွက်ချိန်မှစပြီး တရုတ်-မြန်မာ ကုန်သွယ်မှုသည်လည်း နှစ်စဉ်တိုးတက်နေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု အများဆုံးနဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်ကြောင်း၊မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုးမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိကြောင်း ပြောကြားသည်။ ဆက်လက်ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေက တရုတ် မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် ပတ်သက်ပြီး တရုတ်မြန်မာနယ်စပ် စီးပွားရေးပူးပေါင်းမှု ဇုန်တည်ထောင်မှုမှတစ်ဆင့် ကုန်သွယ်မှုများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရုံသာမက နှစ်နိုင်ငံ နယ်စပ်ဒေသအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရနိုင်ကြောင်း၊  ဒါကြောင့် နှစ်နိုင်ငံ စလုံးအနေနဲ့လည်း အကျိုးရှိနိုင်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်းနဲ့ ပတ်သက်ပြီး ပြောကြားရာတွင် ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းတွင် မြန်မာနိုင်ငံအနေနှင့် ပါဝင်လုပ်ဆောင်ခွင့်ရတဲ့အတွက် ၀မ်းမြောက်ကြောင်း၊ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းသည် မြန်မာနိုင်ငံအတွက် ပေါင်းကူးတံတားဖြစ်တဲ့အတွက် လမ်းပန်း ဆက်သွယ်ရေး ကောင်းလာနိုင်သလို စွမ်းအင်ကိစ္စရပ်များအပြင် စီးပွားရေးဆိုင်ရာကိစ္စရပ်များတွင် အကျိုးများစွာ ရရှိနိုင်ကြောင်း၊  ဆက်လက်ပြီး တရုတ်အာဆီယံ ကုန်စည်ပြပွဲ ကျင်းပခြင်းနှင့် ပတ်သက်ပြီး ဦးမြင့်ဆွေက ၄င်းကုန်စည်ပြပွဲမှ တစ်ဆင့် နိုင်ငံရေးအရ နားလည်ယုံကြည်မှု၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်ကောင်းမွန်လာပါကြောင်း၊ အထူးသဖြင့် တရုတ်နှင့် အာဆီယံအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး ကုန်သွယ်မှုမြင့်မားကာ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်သည်လည်း တရုတ်နိုင်ငံ ဖြစ်သလို အာဆီယံရဲ့ အကြီးဆုံး ကုန်သွယ်ဘက်သည်လည်း တရုတ်နိုင်ငံ ဖြစ်ကြောင်း၊  ကုန်စည်ပြပွဲ ကျင်းပခြင်းကြောင့် တရုတ်နိုင်ငံအတွက်လည်း အကျိုးရှိရုံသာမက အာဆီယံနိုင်ငံများ အတွက်လည်း အကျိုးရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။