徐敏霞

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် ဧည့်ခံပွဲ ကျင်းပ

(GMT+08:00)2019-09-23 13:34:12  

图片默认标题_fororder_庆祝中华人民共和国成立70周年主题国际巡展”.JPG

图片默认标题_fororder_缅甸仰光省首席部长漂敏登致辞

图片默认标题_fororder_出席招待会的中缅两国嘉宾合影.JPG

图片默认标题_fororder_中缅共建“一带一路”和中缅经济走廊合作成果展.JPG

图片默认标题_fororder_中国驻缅甸大使陈海致辞.JPG

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးသည် ယခုလ ၁၉ ရက်နေ့ညက ရန်ကုန်မြို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် ဧည့်ခံပွဲကို ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချင်ဟိုင်၊ မြန်မာနိုင်ငံ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် တရုတ်နှင့် မြန်မာနိုင်ငံမှ ချစ်ကြည်ရေး ပုဂ္ဂိုလ် ၉၀၀ ကျော်တို့သည် ဧည့်ခံပွဲသို့ တက်ရောက် ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ဧည့်ခံပွဲ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ် နိုင်ငံတကာ ကွင်းဆင်း ပြပွဲသည် လူအများ အာရုံစူးစိုက်ရာ ဖြစ်ပါသည်။ ပြပွဲတွင်၊ ဓါတ်ပုံများ၊ ဗီဒီယိုများ စသည့် အသွင်ပုံစံများဖြင့် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့ နယ်ပယ် အသီးသီး၌ ပူးပေါင်းဆောင်ရွက်ရေး အောင်ကျိုးရလဒ်များနှင့် အနာဂတ် ကျယ်ပြန့်သော ပူးပေါင်း ဆောင်ရွက်ရေး အလားအလာကို ပြသထားပါသည်။ (ကျော့)