徐敏霞

ကမ္ဘောဒီးယား အစိုးရသည် ပထမဆုံး ဟန်းဖုန်း ခရီးသွား APP ထုတ်ပြန်

(GMT+08:00)2019-09-22 10:01:14  

图片默认标题_fororder_柬埔寨

   

ယခုလ ၂၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ် ခဲ့ကြောင်း၊ သတင်းစာ ရှင်းလင်းပွဲတွင် ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး စိုကရေယာက၊ ကမ္ဘောဒီးယားသည် ယခုနှစ် အောက်တိုဘာလတွင် အစိုးရ ဦးစီး ပြုလုပ်သော ပထမဆုံး ဟန်းဖုန်း ခရီးသွား APP— Cambodia Tourist Assist(CTA)ကို ထုတ်ပြန်မည် ဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည်များအတွက် ခရီးသွား သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှု ပေးမည်ဟု ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယားရောက် ကမ္ဘာလှည့်ခရီးသည် ဦးရေမှာ ၆၂ သန်း ရှိပြီး ခရီးသွားလုပ်ငန်း ဝင်ငွေမှာ ဂျီဒီပီ စုစုပေါင်း ပမာဏ၏ ၁၂့ ၇ ရာခိုင်နှုန်း ရှိကြောင်း သတင်း ရရှိပါသည်။