刘晓宇

Belt and Road သည် တရုတ်နှင့် အာဆီယံ စီးပွါးကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု အဆင့်မြှင့်တင်ရေးကို အထောက်အကူ ပြုနေ

(GMT+08:00)2019-09-20 15:50:42  

၁၆ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ဒီလ ၂၁ ရက်နေ့မှာ တရုတ်ပြည် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့မှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ တရုတ်နဲ့ အာဆီယံ အကြား အရေးအကြီးဆုံး စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပလက်ဖေါင်း တစ်ခု အဖြစ်နဲ့ ဒီအကြိမ် ကုန်စည်ပြပွဲရဲ့ ဆောင်ပုဒ်ဟာ Belt and Road ကို အတူ တည်ဆောက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ရေး အလားအလာကို လက်တွဲ ဖန်တီး ကြခြင်း အဖြစ် ထားမှာ ဖြစ်ပါတယ်။ နှစ်ဖက်တို့ဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်ရေး၊ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးနဲ့ ကုန်စည်စီးဆင်းမှု၊ ဒီဂျစ်တယ် စီးပွါးရေး စသဖြင့်နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုများကို ရရှိသွားမယ်လို့ ခန့်မှန်းရပါတယ်။

    ၁၆ နှစ်အတွင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲဟာ တရုတ်နဲ့ အာဆီယံ အကြား အရေးကြီး တံခါးဖွင့်ရေး ပလက်ဖေါင်း၊ ပူးပေါင်းဆောင်ရွက်ရေး ပေါင်းကူးတံတားနဲ့ ကူးလူးဖလှယ်ရေး လမ်းကြောင်း ဖြစ်လာနေပါပြီ။ အသစ်တစ်ဖန် ဖြစ်တဲ့ သိပံ္ပနည်းပညာ တော်လှန်ရေးနဲ့ ကုန်ထုတ်လုပ်မှု ပြုပြင်ပြောင်းလဲရေးကို ရင်ဆိုင်လျက်၊ တစ်ဖက်စွန်း ဝါဒ၊ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး ဝါဒ ဦးမော့လာခြင်းကြောင့် ဖြစ်စေတဲ့ နိုင်ငံတကာ စီးပွါးရေးအပေါ် ဂယက်ရိုက်ခတ်မှုများကို ရင်ဆိုင်လျက်၊ ယနေ့ တရုတ်နဲ့ အာဆီယံတို့ စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တစ်ဆင့်တိုး မြှင့်တင်လာခြင်းဟာ နှစ်ဖက်တို့ရဲ့ စည်ပင်သာယာရေးနဲ့ ဖွံ့ဖြိုးရေးကို အကျိုးပြုမယ့်အပြင် အာရှ ပစိဖိတ်ဒေသ စည်ပင် သာယာရေး အတွက်လည်း ရှင်သန်စွမ်းအားကို ဆောင်ကြဉ်းပေးမှာ ဖြစ်ပါတယ်။