刘晓宇

မြန်မာဘက်အသီးသီးတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို လက်တွေ့ကျကျ ထိန်းသိမ်းကာကွယ်ရန် တရုတ် ထောက်ခံ

(GMT+08:00)2019-09-20 15:13:31  

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က တရုတ်ပြည်ဘက်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြတ်ပြတ်သားသား ထောက်ခံပြီး မြန်မာဘက်အသီးသီးတို့အနေနှင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် သဘောကွဲလွဲမှုကို ဖြေရှင်းရန် အစဉ်တစိုက်ထောက်ခံ၍ တွန်းအားပေးခဲ့ကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးတို့အနေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ပြီး သဘောတူညီမှုနှင့် အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တိုးတက်မှု အဆက်မပြတ် ရရှိနိုင်ရန် မျှော်လင့်ကြောင်း ယခုလ ၁၉ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။