၉ ကြိမ်မြောက် တရုတ်-အာဆီယံ မော်တော်ကား ကုန်စည်ပြပွဲကို ယခုလ ၁၈ ရက်နေ့က ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လျူကျူးမြို့၌ စတင်ကျင်းပခဲ့ရာ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ပိုလန်စသည့်နိုင်ငံများမှ ဧည့်သည်များသည် ယင်းပြပွဲသို့ တက်ရောက်ပြီး တရုတ်-အာဆီယံ မော်တော်ကားလုပ်ငန်းတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို ဆွေးနွေးခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။