邹立莹

၂၀၁၉ခုနှစ် တရုတ်-အာဆီယံ ဇာတ်သဘင်သီတင်းပတ်လှုပ်ရှားမှု ကျင်းပ

(GMT+08:00)2019-09-19 15:12:54  

၂၀၁၉ခုနှစ် တရုတ်-အာဆီယံ ဇာတ်သဘင်သီ​တင်း​ပတ်လှုပ်ရှားမှုကို ယခုလ ၁၈ရက်နေ့ညက တရုတ်ပြည် နန်နင်းမြို့၌ ကျင်းပခဲ့ကြောင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့် အာဆီယံနိုင်ငံများမှ အနုပညာ အဖွဲ့များသည် ၄င်းသီတင်းပတ် လှုပ်ရှားမှုတွင် တင်ဆက် ဖျော်ဖြေခဲ့ကြကြောင်း  တရုတ်သတင်းဌာန၀က်ဘ်ဆိုက်မှ သတင်းအရ သိရပါသည်။

ယင်းဖျော်ဖြေပွဲကို နန်နင်းမြို့အစိုးရ၊ ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာန ပူးတွဲကြီးမှူး ကျင်းပခြင်းဖြစ်ပြီး ယခုလ ၁၂ရက်နေ့မှ ၁၈ရက်နေ့အထိ ကျင်းပခဲ့၍ အာဆီယံနိုင်ငံများမှ ထူးချွန်အနုပညာအဖွဲ့ ၁၉ ဖွဲ့တို့သည် ပါဝင်ဖျော်ဖြေခဲ့ကြကြောင်း သတင်းအရ သိရပါသည်။