徐敏霞

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ကော်ဖီ လုပ်ငန်းကို အားသစ်လောင်းပေးနေ

(GMT+08:00)2019-09-19 10:51:25  

图片默认标题_fororder_3 澜湄合作“缅甸咖啡增产项目”咖啡种植园.JPG

图片默认标题_fororder_1澜湄合作 “缅甸咖啡增产项目”中期调研会在缅甸彬乌伦举行.JPG

图片默认标题_fororder_2 位于彬乌伦的“缅甸咖啡研究中心”有一个“咖啡博物馆”.JPG

图片默认标题_fororder_4 中缅两国官员、专家在咖啡种植园内讨论、交流.JPG

图片默认标题_fororder_5 澜湄合作 “缅甸咖啡增产项目”中期调研会上,缅方专家介绍最新情况.JPG

မြန်မာနိုင်ငံ ကော်ဖီ ထုတ်လုပ်မှု တိုးမြှင့်ရေး လုပ်ငန်းစဉ်သည် ၂၀၁၇ ခုနှစ်က တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့ စာချုပ် ချုပ်ဆိုခဲ့သည့် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ် ၁၀ ခုအနက် ပထမ အသုတ် ဖြစ်သည့် လုပ်ငန်းစဉ် ဖြစ်ပါသည်။ တရုတ်-မြန်မာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သီးသန့် ရန်ပုံငွေဖြင့် မြန်မာနိုင်ငံ ကော်ဖီ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာ အဆင့်မြှင့်တင်ရေးနှင့် နည်းပညာ ပျိုးထောင်ရေး လုပ်ငန်းကို အကူအညီပေး ဆောင်ရွက်နေပါသည်။ ယင်းလုပ်ငန်းစဉ်ကို အကောင် အထည် ဖေါ်ဆောင်သည့် တစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံမှ ကော်ဖီ စိုက်ပျိုးသည့် လယ်သမား များစွာတို့သည် အကျိုးစီးပွါးများကို ခံစားခဲ့ရပါသည်။ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိ ဦးထွန်းနောင်က၊ ယင်းလုပ်ငန်းစဉ် ဖေါ်ဆောင်ရာ၌ မြန်မာ နိုင်ငံ ကော်ဖီ စိုက်ပျိုးသည့် လယ်သမား ၁၁၀၀၀ ကျော်ကို လေ့ကျင့်ပျိုးထောင်မှုများ ပြုလုပ် ပေးခဲ့ကြောင်း၊ အဓိက အားဖြင့် မျိုးကောင်းမျိုးသန့် ပြုစုရေးနည်းပညာကို သင်ပြခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့ပါသည်။

မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာန ကော်ဖီနှင့် ရာသီအလိုက် သီးနှံများ ရေးရာ အရာရှိ ဦးမြင့်ဆွေက၊ မြန်မာပြည်ထုတ် ကော်ဖီသည် အမေရိကန်၊ ဥရောပနှင့် ဂျပန် စသည့်နိုင်ငံများတွင် လူကြိုက်များနေ ပါကြောင်း၊ မိမိတို့သည် နှစ်စဉ် ကော်ဖီစေ့ငယ် တန်ချိန် ၁ သောင်းခန့် တင်ပို့ ရောင်းချ နိုင်ခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေးစနစ် မူဘောက်အောက်ရှိ မြန်မာနိုင်ငံ ကော်ဖီ ထုတ်လုပ်မှု တိုးမြှင့်ရေး လုပ်ငန်းစဉ် ဖေါ်ဆောင်ပြီးနောက် မိမိတို့၏ ကော်ဖီ တင်ပို့ရောင်းချမှု ပမာဏသည် အမြောက်အမြား တိုးများသွားမည် ဖြစ်ပြီး ကော်ဖီစိုက် လယ်သမားများ၏ ဝင်ငွေလည်း တိုးများသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။ (ကျော့)