徐敏霞

“လေဟာပြင် ရုပ်ရှင်ရုံ” တရုတ် ရုပ်ရှင်ကားများ ကွင်းဆင်းပြသမှု ရန်ကုန်၌ စတင်

(GMT+08:00)2019-09-18 09:46:18  

图片默认标题_fororder_1.JPG

图片默认标题_fororder_2.JPG

图片默认标题_fororder_3.JPG

图片默认标题_fororder_5

图片默认标题_fororder_4.JPG

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံး၊ China Media Group၊ တရုတ် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ကုမ္ပဏီနှင့် တရုတ် ရုပ်ရှင် ကုမ္ပဏီ အုပ်စုတို့ ပူးတွဲ ပြုလုပ်သော “လေဟာပြင် ရုပ်ရှင်ရုံ” တရုတ် ရုပ်ရှင်ကားများ ကွင်းဆင်းပြသမှု ဖွင့်ပွဲအခမ်းအနားကို ယခုလ ၁၆ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချင်ဟိုင်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အပါအဝင် တရုတ်နှင့် မြန်မာ အလွှာ ပေါင်းစုံမှ ချစ်ကြည်ရေး ပုဂ္ဂိုလ် ၂၀၀ ခန့်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

၂၀၁၇ ခုနှစ်ကစပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် မြန်မာနိုင်ငံတွင် ရုပ်ရှင်ပွဲတော်များကို နှစ်နှစ် ဆက်တိုက် ပြုလုပ်ခဲ့ပြီ ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်က မြန်မာလို နောက်ခံ စကားပြော တရုတ်ရုပ်ရှင်ကားများကို မြန်မာနိုင်ငံ ကျေးရွာများ၌ ကွင်းဆင်း ပြသ ခဲ့ရာ ဒေသခံများ၏ ကြိုဆိုမှု ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ (ကျော့)