တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ “ပထမဆုံး” များဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့် နှစ် ၇၀ အတွင်း ဖွံ့ဖြိုးရေး အောင်ကျိုးရလဒ်များကို ပြသထားမည်။ ယခုအကြိမ်၏ “ပထမဆုံး”မှာ နျူကလီးယားစွမ်းအား ရေငုပ်သင်္ဘော ဖြစ်ပါသည်။
၁၉၇၀ပြည့်နှစ်တုန်းက တရုတ်နိုင်ငံက ကိုယ်ပိုင်တီထွင်ထုတ်လုပ်တဲ့ ပထမဆုံး နျူကလီးယားစွမ်းအား ရေငုပ်သင်္ဘောဟာ ရေအောက်မှာ အောင်မြင်စွာ အသုံးပြုခဲ့တဲ့အတွက် တရုတ်နိုင်ငံဟာ ပဉ္စမမြောက် နျူကလီးယားစွမ်းအား ရေငုပ်သင်္ဘောပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာပါပြီ၊ ဒီသင်္ဘောရဲ့ စက်ကိရိယာအစိတ်အပိုင်းပစ္စည်း အရေအတွက်ဟာ ၄သောင်း ၆ထောင်လောက်ရှိပြီး တည်ဆောက်ဖို့ ပစ္စည်းအမျိုးပေါင်း ၁၃၀၀ကျော် လိုအပ်ပါတယ်၊ ဒီသင်္ဘောအားလုံးကို တရုတ်လုံးဝကိုယ်ပိုင်တီထွင်ထုတ်လုပ်ပြီး နိုင်ငံခြားထုတ် ဝက်အူတစ်ခုမှ မသုံးပါဘူး။
၂၀၁၉ခုနှစ် ဧပြီလ ၂၃ရက်နေ့က တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ် တည်ထောင်ခဲ့တဲ့ နှစ် ၇၀ပြည့်မြောက်ခြင်းကို အထိမ်းအမှတ်ပြုဖို့အတွက် ချင်းတောမှာ ဗိုလ်ရှုခံသဘင်ပွဲကို ကျင်းပခဲ့တယ်၊ စစ်သင်္ဘော ၃၂စင်း နဲ့ နျူကလီးယားစွမ်းအား ရေငုပ်သင်္ဘောပုံစံသစ်တွေ ပါဝင်ပြသခဲ့တယ်လို့ သိရပါသည်။