邹立莹

ချင်မင်းဆက်ခေတ် စစ်သည်တော် ရုပ်တုများပြပွဲကို ပထမအကြိမ် ထိုင်းနိုင်ငံတွင် ပြသ

(GMT+08:00)2019-09-18 16:12:55  

တရုတ်ရှန်ရှီးပြည်နယ် ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းဦးစီးဌါနနှင့် ထိုင်းယဉ်ကျေးမှုဝန်ကြီးဌါနအနုပညာဦးစီးဌါနတို့ ပူးတွဲကြီးမှူးကျင်းပသော ချင်မင်းဆက်ခေတ် စစ်သည်တော်ရုပ်တုများပြပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံတော်ပြတိုက်၌ ပြသလျက်ရှိကြောင်း၊ ယင်းမှာ ချင်မင်းဆက်ခေတ်စစ်သည်တော်ရုပ်တုများပြပွဲကို ထိုင်းနိုင်ငံတွင် ပထမဆုံး အကြိမ်ပြသခြင်းဖြစ်ပြီး နှစ်နိုင်ငံအစိုးရအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အနေဖြင့် ပူးတွဲဆောင်ရွက်သော လှုပ်ရှားမှုတစ်ခုအပါအ၀င်ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။