စက်တင်ဘာ ၁၆ ရက်နေ့က ၂၀၁၉ခုနှစ် တရုတ်-အာဆီယံနိုင်ငံတကာ မော်တော်ကား rally ပြိုင်ပွဲ track race ပြိုင်ပွဲကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်၌ ကျင်းပခဲ့ပါသည်။တရုတ်နှင့် အာဆီယံနိုင်ငံအသီးသီးမှ မော်တော်ကားမောင်းသူ လက်ရွေးစင် ၆၀ တို့သည် ကားအဖွဲ့ ၂၀ ခွဲပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ နောက်ဆုံးတွင် လာအိုနိုင်ငံက ကားအဖွဲ့ ချန်ပီယံဆုရရှိခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။