徐敏霞

တရုတ် ဂန္ထဝင် ဇာတ်ကားများ တင်ဆက်ပြသမှု ဖွင့်ပွဲ အခမ်းအနား ရန်ကုန်၌ ကျင်းပ

(GMT+08:00)2019-09-16 09:50:15  

图片默认标题_fororder_1

图片默认标题_fororder_3.JPG

图片默认标题_fororder_4.JPG

图片默认标题_fororder_5

图片默认标题_fororder_2.JPG

图片默认标题_fororder_7.JPG

图片默认标题_fororder_6.JPG

တရုတ် ဂန္ထဝင် ဇာတ်ကားများ တင်ဆက်မှု ဖွင့်ပွဲ အခမ်းအနားကို ယခုလ ၁၄ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် လှုပ်ရှားမှုကို မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး၊ China Media Group၊ မြန်မာ Sky Net၊ ယူနန် ပြည်နယ် တေဟုန်နယ် ရုပ်မြင်သံကြားဌာနတို့ ပူးတွဲ ဦးစီးကျင်းပခြင်း ဖြစ်ကြောင်း China Media Group မှ သတင်း အရ သိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချင်ဟိုင်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာ ပြန်ကြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် အပါအဝင် တရုတ်နှင့် မြန်မာ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ် ၂၀၀ ခန့်သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံတို့သည် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် တိုးချဲ့ လာခဲ့ ပါသည်။ နှစ်ဖက်တို့သည် ရုပ်မြင်သံကြားဇာတ်ကားများကို ပူးပေါင်း ရိုက်ကူးခဲ့ကြသည့် အပြင်၊ မြန်မာလို နောက်ခံ စကားပြော ရုပ်ရှင်ကား၊ ရုပ်မြင်သံကြား ဇတ်ကားများ နယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုများလည်း အစဉ် တိုးတက်လာနေပါသည်။ (ကျော့)