辛甜

EVEREST E-shopping APP ဟာ မြန်မာပြည်သူများ တရုတ်ကုန်ပစ္စည်းများကို လွယ်ကူစွာ အသုံးပြုစေနိုင်

(GMT+08:00)2019-09-16 12:49:47  

တစ်လတစ်ကြိမ် ကုန်ပစ္စည်းတင်သွင်းတဲ့နေ့ ကျရောက်လာပြန်ပါပြီ။ ပြီးခဲ့တဲ့နှစ်တွေမှာ တရုတ်စကားနည်းနည်းပါးပါး ပြောတတ်တဲ့ မြန်မာစတိုးဆိုင်ပိုင်ရှင်ဦးအောင်မင်းကျော်ဟာ ကီလိုမီတာ ၃၀၀၊ ၄၀၀ ကွာဝေးတဲ့ တရုတ်-မြန်မာနယ်စပ် ယူနန်ပြည်နယ် ရွှေလီမြို့ကို သွားပြီး ကုန်ပစ္စည်းများကို တင်သွင်းရပါတယ်။ နိုင်ငံဖြတ်ကျော် E-shopping ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဒီတစ်နှစ်အတွင်း ဦအောင်မင်းကျော်ဟာ ဟန်းဖုန်းမှာ ပါရှိတဲ့ EVEREST APP ကို ဖွင့်ပြီး မြန်မာကျပ်ငွေနဲ့ အွန်လိုင်းမှာ ပိုက်ဆံရှင်းပြီးနောက် ပုံမှန်ဆိုရင် ၄၊ ၅ ရက်ကြာ ၊ အကြာဆုံးဆိုရင် နှစ်ပတ်အတွင်း သူ့စတိုးဆိုင်က လိုအပ်တဲ့ ကုန်ပစ္စည်းအားလုံး အချိန်မှန်ရောက်ရှိနိုင်တယ်။ အရည်အသွေးကလည်း မြန်မာနိုင်ငံမှာ ဝယ်တဲ့ကုန်ပစ္စည်းထက်ပိုကောင်းပါတယ်။ ဧည့်သည်တို့ရဲ့ကြိုဆိုမှုများစွာလည်း ရရှိခဲ့ပါတယ်။

ဦးအောင်မင်းကျော်က EVEREST APP ကို တစ်လတစ်ကြိမ်သုံးတယ်။ဒီ APP ထဲကပစ္စည်းများဟာ ဈေးသက်သာတယ်၊ အရည်အသွေးလည်းကောင်းတယ်။ တရုတ်စကားနဲ့လည်း အသုံးပြုလို့ရတယ်၊မြန်မာစကားနဲ့လည်းရတယ်ဆိုတော့ သုံးရတာအဆင်ပြေပါတယ်လို့ ပြောပါတယ်။

EVEREST  APP ကို ယူနန်ပြည်နယ် ရွှေလီမြို့ ကျယ်ကောက်မောက်ဆုထုန်း E-shopping ကုမ္ပဏီလီမိတက်က ထုတ်ဖေါ်တာဖြစ်ပြီး ၂၀၁၈ခုနှစ် ဇွန်လပိုင်း အွန်လိုင်းမှာ စတင်တဲ့အချိန်ကစပြီး အခုအထိ မြန်မာပြည်တွင်း မြို့ ၁၂ မြို့ က စတိုးဆိုင် ၆၀၀၀ ကျော် အတွက် ကုန်ပစ္စည်းတွေ တင်ပို့ခဲ့ပါတယ်။

လက်ရှိအချိန်မှာ EVEREST  APP ဟာ မြန်မာပြည်မှာ ကူးသန်းရောင်းဝယ်ရေး ပမာဏအများဆုံးသော E-shopping ပလက်ဖေါင်းဖြစ်သလို မြန်မာနိုင်ငံရှိ ရိုးရိုးသာမန်စားသုံးသူများကို ရည်ရွယ်ပြုလုပ်တဲ့ အွန်လိုင်းစာရင်းရှင်း E-shopping ပလက်ဖေါင်းလည်း ဖြစ်ပါတယ်။၂၀၁၉ခုနှစ် ဇွန်လအထိ မြန်မာဈေးကွက် အွန်လိုင်း၊ off line စုစုပေါင်း ကူးသန်းရောင်းဝယ်ရေးပမာဏမှာ ယွမ် သန်း၄၃၀ကျော်ရှိတယ်လို့ သိရပါတယ်။