辛甜

“တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်-အာဆီယံကံကြမ္မာအသိုက်အဝန်း၏အနာဂတ်” နှီးနှောဖလှယ်ပွဲကို ဂျာကာတာ၌ ကျင်းပ

(GMT+08:00)2019-09-11 15:19:04  

“တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်-အာဆီယံကံကြမ္မာအသိုက်အဝန်း ၏အနာဂတ်”နှီးနှောဖလှယ်ပွဲကို ယခုလ ၁၀ ရက်နေ့က ဂျာကာတာမြို့ရှိ အာဆီယံအတွင်း ရေးမှူးရုံး၌ ကျင်းပခဲ့ပါသည်။ ယခုအကြိမ် နှီးနှောဖလှယ်ပွဲသည် “တရုတ်-အာဆီယံဆက်ဆံရေး ဂျာကာတာဖိုရမ်” ၏စတုတ္ထအကြိမ်လှုပ်ရှားမှုဖြစ်သည်။ အာဆီယံဆိုင်ရာတရုတ်သံအမတ်ကြီး ဟွမ်ရှီးလျန်၊ အာဆီယံဒုအတွင်းရေးမှူးချုပ်တယ်နီ အပါအဝင် ပြည်တွင်းပြည်ပဧည့်သည်တော် ၃၀၀ ခန့်တို့သည် အစည်းအဝေးသို့ တက်ရောက်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ တရုတ်-အာဆီယံဆက်ဆံရေးတို့နှင့် ပတ်သက်၍ နက်ရှိုင်းစွာ ကူးလူးဖလှယ်ခဲ့ကြသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။