梅皓

တရုတ်ပြည်၏ ဖွံ့ဖြိုးရေး အတွေ့အကြုံများသည် လက်တွေ့ဆောင်ရွက်မှုများတွင် စုံစမ်းရှာဖွေပြီး အဆက်မပြတ် ပြင်ဆင်ကာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနာမည်ကြီး ပညာရှင်ဆို

(GMT+08:00)2019-09-09 13:12:09  

  ထိုင်းနိုင်ငံ ဘုရင့် ပညာရှင်များ ကော်မတီဝင်၊ ထိုင်းနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကော်မတီ ဥက္ကဋ္ဌဟောင်း၊ နာမည်ကြီး ပညာရှင် အာနက် လာအိုသာမာတာစ်သည် ကမ္ဘာ့ သမိုင်းအကြောင်းနှင့် တရုတ် သမိုင်းအကြောင်းကို လေးနက်သော လေ့လာမှု ပြုလုပ်ခဲ့ကြောင်း၊ ၄င်းသည် လွန်ခဲ့သည့် ၁၉၈၀ပြည့်နှစ်က တရုတ်ပြည်ကို ပထမဆုံးအကြိမ် အဖြစ် လာရောက်ခဲ့ဖူးကြောင်း၊ ယခုအထိ တရုတ်ပြည်ကို အကြိမ် ၇၀ကျော် တိုင်တိုင် လာရောက်ခဲ့ပြီး တရုတ်ပြည် ရရှိခဲ့သော အောင်မြင်မှုများကို မျက်မြင်ကိုယ်တွေ့ခဲ့ရကြောင်း၊ မကြာခင်က China Media Groupမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ၄င်းက တရုတ်ပြည်သည် လက်တွေ့ကျကျ ဆောင်ရွက်သူ ဖြစ်ကြောင်း၊ တရုတ်ပြည်၏ ဖွံ့ဖြိုးရေး အတွေ့အကြုံများသည် လက်တွေ့ဆောင်ရွက်မှုများတွင် စုံစမ်းရှာဖွေမှု ပြုလုပ်ပြီး ပြင်ဆင်မှု အဆက်မပြတ် ဆောင်ရွက်ကာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။

图片默认标题_fororder_1