徐敏霞

၁၁ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ တိုင်းရင်းသားလူမျိုးစုများ ရိုးရာ အားကစား ပြိုင်ပွဲ ကျင်းပ

(GMT+08:00)2019-09-09 10:00:48  

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_2a76eff7-7830-42c3-9798-9fa769e75a4c

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_f1e4a784-ff23-4447-930a-3ecaf626a0e0

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_6771863b-ea70-4155-aabe-538fb6b6109a

၁၁ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ တိုင်းရင်းသားလူမျိုးစုများ ရိုးရာ အားကစား ပြိုင်ပွဲကို ယခုလ ၈ ရက်နေ့က ဟိုနန်ပြည်နယ် ကျင့်ကျိုးမြို့၌ ဖွင့်လှစ် ခဲ့ပါသည်။ ယခုအကြိမ် အားကစား ပြိုင်ပွဲ၏ ဆောင်ပုဒ်သည် "တရုတ် တိုင်းရင်းသား လူမျိုးစုများ တစ်မိသားစုလုံး ခင်ခင်မင်မင် အတူယှဉ်တွဲ နေထိုင်ပြီး ခေတ်သစ် ထူထောင်ရေး အတွက် လက်တွဲ ကြိုးပမ်းခြင်း" ဖြစ်ပြီး တရုတ် အမျိုးသားကို ဂုဏ်ပြုခြင်း၊ ဟိုနန်ပြည်နယ်၏ ရသများ၊ အိပ်မက် ထွန်းကားခြင်း အပါအဝင် အပိုင်း သုံးပိုင်း ပါဝင်ကာ တိုင်းရင်းသား လူမျိုးစု အသီးသီးတို့၏ ရိုးရာ ယဉ်ကျေးမှု အနှစ်သာရများနှင့် စိတ်အားထက်သန်သော ခေတ်သစ်ရသများကို ပြသထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

တရုတ်ပြည် တစ်ပြည်လုံးမှ အားကစား ကိုယ်စားလှယ်အဖွဲ့ ၃၄ ဖွဲ့မှ အားကစား မောင်မယ် ၇၀၀၉ ဦးတို့သည် ဂျင်၊ တုတ်ရှည်တပ် အားကစားပြိုင်ပွဲများ အပါအဝင် တိုင်းရင်းသားလူမျိုးစုများ၏ ထူးခြားချက် ဝိသေသ ပါရှိသော ရိုးရာ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပါသည်။ အားကစား ပြိုင်ပွဲများ အပြင်၊ တိုင်းရင်းသား လူမျိုးစုများ ပျော်ပွဲရွှင်ပွဲ၊ ပဒေသာကပွဲ စသဖြင့်လည်း ပြုလုပ်မည်ဟု သိရပါသည်။ (ကျော့)