徐敏霞

တရုတ်-အာဆီယံ ဆင်းရဲမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုတွင် အကျိုးသက်ရောက်မှု ထင်ရှား

(GMT+08:00)2019-09-05 12:31:28  

图片默认标题_fororder_图1 中国驻东盟大使黄溪连在研讨会开幕式上致辞

အာဆီယံအဖွဲ့ဆိုင်ရာ တရုတ် သံတမန်အဖွဲ့၊ အာဆီယံ အတွင်းဝန်ဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး စီမံကိန်း အဖွဲ့တို့ လက်တွဲ ဦးစီး ကျင်းပသော "ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှု၊ ဆင်းရဲမှု လျှော့ချရေး" နှီးနှောဖလှယ်ပွဲကို ယခုလ ၄ ရက်နေ့ ညနေပိုင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင်၊ အာဆီယံအဖွဲ့ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟွာချီလျန်က၊ တရုတ်-အာဆီယံ ဆင်းရဲမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုတွင် အကျိုးသက်ရောက်မှု ထင်ရှားပါကြောင်း ပြောကြားပါသည်။

ယခုအကြိမ် နှီးနှောဖလှယ်ပွဲကို နှစ်ရက်ကြာ ကျင်းပမည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။ (ကျော့)