徐敏霞

တရုတ်ပြည်၏ ပေါ်လစီနှင့် အဆိုပြုချက်များသည် နိုင်ငံတကာ အကျိုးတူ ဖွံ့ဖြိုးရေးကို တွန်းအား ပေးသည်ဟု မြန်မာ တရုတ် ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌ ဆို

(GMT+08:00)2019-09-03 09:51:16  

图片默认标题_fororder___172.100.100.3_temp_9500033_1_9500033_1_1_df653fc9-90b5-477f-bcca-7e427ee8ab0d

မြန်မာနိုင်ငံ တရုတ် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးလှိုင်ဝင်းက၊ တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုတွင် တစ်လျှောက်လုံး ဆိုသလို ပြည်သူများကို ဗဟို အဖြစ် ထားခြင်းကို စွဲကိုင်ပြီး လွန်ခဲ့သည့် နှစ် ၇၀ အတွင်းတွင် တစ်ကမ္ဘာလုံး အာရုံစူးစိုက်လောက်သော တိုးတက် အောင်မြင်မှုများကို ရရှိခဲ့ကြောင်း မကြာမီက China Media Groupမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။

ဦးလှိုင်ဝင်းသည် မြန်မာနိုင်ငံ တရုတ် ယဉ်ကျေးမှု အသင်း ဥက္ကဋ္ဌ အပြင် ယနေ့ ဒီမိုကရေစီ သတင်းစာ၏ အယ်ဒီတာချုပ်လည်း ဖြစ်ပါသည်။ ၄င်းသည် မြန်မာနိုင်ငံ အဓိက မီဒီယာ ကိုယ်စားလှယ် အဖြစ်နှင့် တရုတ်ပြည်သို့ ၆ ကြိမ်တိုင်တိုင် ခရီး လှည့်လည် ခဲ့ဖူးသည်။ ဦးလှိုင်ဝင်းက၊ Belt and Road သည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ စလုံး အတွက် အကျိုးရှိသော ဖွံ့ဖြိုးရေးလမ်း ဖြစ်ပြီး မူဆယ်- မန္တလေး ရထားလမ်း ဖေါက်လုပ်ခြင်းသည် ယင်းအချက်ကို ပြသနေကြောင်း၊ Belt and Road သည် မြန်မာနိုင်ငံ၏ နိုင်ငံတော် ဖွံ့ဖြိုးရေး မဟာဗျူဟာနှင့် မြန်မာ ပြည်သူများ၏ အကျိုးစီးပွါးနှင့် ကိုက်ညီကြောင်း၊ တရုတ်ပြည်၏ Belt and Road ကမ်းလှမ်းချက်သည် ကိုယ်တိုင် ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအား ပေးသည့် အပြင် သက်ဆိုင်ရာ နိုင်ငံနှင့်ဒေသများ အကျိုးတူ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဖေါ်ဆောင် ပေးနေကြောင်း ပြောကြားပါသည်။ (ကျော့)