၂၀၁၉ ခုနှစ် တရုတ်ပြည် ယူနန်ပြည်နယ်၏ မြန်မာနိုင်ငံ အလင်းရောင် ခရီးစဉ် လှုပ်ရှားမှုကို သြဂုတ်လ ၃၀ ရက်န့က ရန်ကုန်၌ စတင် ပြုလုပ်ခဲ့ပြီ ဖြစ်ကြောင်း၊ ယင်း လှုပ်ရှားမှုကို ယူနန်ပြည်နယ် အရပ်ဘက် နိုင်ငံတကာ ချစ်ကြည်ရေး ကူးလူးဖလှယ်မှု ရန်ပုံငွေအဖွဲ့၊ ယူနန်ပြည်နယ် ကျန်းမာရေး ကော်မတီ၊ ကူမင်းမြို့ ဆေးတက္ကသိုလ် အမှတ်-၂ ဆေးရုံ၊ မြန်မာနိုင်ငံ Visakha ရန်ပုံငွေအဖွဲ့တို့ ပူးတွဲ ကျင်းပခြင်း ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
ယခုအကြိမ် လှုပ်ရှားမှုကို ၅ ရက်ကြာ ပြုလုပ်မည် ဖြစ်ပြီး မျက်စိအတွင်းတိမ် ရောဂါသည် ၂၀၀ အတွက် ခွဲစိတ်ပြု ပြုလုပ်ပေးရန် စီစဉ်ထားပါသည်။
လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်ပြည် ဆေးဝါးကုသရေးအဖွဲ့နှင့် ပရဟိတ အဖွဲ့ ၁၀ ကျော်တို့သည် မြန်မာနိုင်ငံတွင် အလင်းရောင် ခရီးစဉ် လှုပ်ရှားမှု အကြိမ် ၃၀ ခန့် ပြုလုပ် ခဲ့ပြီ ဖြစ်ပြီး ဒေသခံ မျက်စိရောဂါသည် ၆ ထောင်ကျော်အတွက် ခွဲစိတ်မှု ပြုလုပ် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။