"တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော" ဖွင့်ပွဲ အခမ်းအနားကို ယခုလ ၂၉ ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပခဲ့ရာ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချင်ဟိုင်၊ နေပြည်တော် မြို့ပြကော်မတီ ဥက္ကဋ္ဌ ဦးမျိုးအောင် အပါအဝင် နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးကို လက္ခဏာ ပြုသည့် သစ်ပင်မျိုးပင်များကို စိုက်ပျိုးခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
၂၀၁၇ ခုနှစ်က "တရုတ်-မြန်မာ ချစ်ကြည်ရေး သစ်တော"၏ ပထမ လုပ်ငန်းစဉ် ဖြစ်သည့် ဂေဟစနစ် ထိန်းချုပ်ရေး စံပြသစ်တော စိုက်ပျိုးခြင်းကို မကွေး တိုင်းဒေကြီး၌ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် နှစ်နိုင်ငံတို့သည် ဇီဝ မျိုးစုံ တည်ရှိရေး သုတေသနပြုမှု၊ သစ်တော ထိန်းသိမ်းကာကွယ်မှုနှင့် စီမံ ခန့်ခွဲမှု စသည့် နယ်ပယ်များတွင်လည်း တိုးဖြည့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။