徐敏霞

လီခေ့ချန်သည် ဖိလစ်ပိုင် သမ္မတ ဒူတာတေးနှင့် တွေ့ဆုံ

(GMT+08:00)2019-08-31 10:26:04  

图片默认标题_fororder_u=2230313745,2580789918&fm=11&gp=0

တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၃၀ ရက်နေ့က ပီကင်း၌ ဖိလစ်ပိုင် သမ္မတ ဒူတာတေးနှင့် တွေ့ဆုံခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် လီခေ့ချန်က၊ တရုတ်နိုင်ငံသည် နှစ်နိုင်ငံ ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်တိုက် မှန်မှန် တိုးတက်ရေးကို တွန်းအား ပေးလိုကြောင်း၊ မျက်မှောက် အချိန်တွင် တောင်ပင်လယ် အခြေအနေသည် ခြုံပြီးကြည့်လျှင် တည်ငြိမ်ပါကြောင်း၊ တောင်ပင်လယ် ပင်လယ်ကမ်းတစ်လျှောက်မှ နိုင်ငံများသည် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင် နေကြကြောင်း ပြောကြားပါသည်။

ဒူတာတေးကလည်း၊ ဖိလစ်ပိုင်သည် ချစ်ကြည်ရေး အစဉ်အလာ အပေါ် အခြေ ခံထားသော နှစ်နိုင်ငံတို့၏ ကောင်းမွန်သော ဆက်ဆံမှုကို ချီးကျူးပါကြောင်း၊ အနောက်နိုင်ငံများသည် တောင်ပင်လယ် ဆောင်ရွက်မှုဆိုင်ရာမူ၏ စေ့စပ်ဆွေးနွေးဘက် မဟုတ်သဖြင့် ဒေသတွင်း နိုင်ငံများ၏ ကြိုးပမ်းမှုကို အဟန့်အတား မပြုသင့်ကြောင်း ပြောကြားပါသည်။