李悦

၂၀၁၉ တရုတ်-အာဆီယံ”Belt and Road”ယဉ်ကျေးမှုနှင့်ခရီးသွားဆိုင်ရာ ကူးလူးဖလှယ်ရေးသီတင်းပတ် ဖွင့်လှစ်

(GMT+08:00)2019-08-30 15:07:27  

“ရောနှောပေါင်းစပ်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ တံခါးဖွင့်မှုဖြင့် ပူးပေါင်းဆောင်ရွက်ရေး” ဟူသောခေါင်းစဉ်ဖြင့် ၂၀၁၉ခုနှစ် တရုတ်-အာဆီယံ”Belt and Road” ယဉ်ကျေးမှုနှင့်ခရီးသွား ဆိုင်ရာ ကူးလူးဖလှယ်ရေးသီတင်းပတ်လှုပ်ရှားမှုကို ယမန်နေ့ ၂၉ ရက်နေ့မှစ၍ တရုတ်နိုင်ငံ ကွေ့ယမ်မြို့တွင် ဖွင့်လှစ်ခဲ့သည်။

 ကွေ့ကျိုးပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဝေ့ကိုနန်က ကွေ့ကျိုးပြည်နယ် အနေနှင့် အာဆီယံနိုင်ငံနှင့် “Belt and Road”တစ်လျှောက်ရှိနိုင်ငံများနှင့် စီးပွားကုန်သွယ် ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှုကို အားဖြည့်ဆောင်ရွက်ပြီး တစ်ခြားနိုင်ငံများနှင့် ချစ်ကြည်ရေးဆက်ဆံမှုသည် တစ်နေ့တစ်ခြား ကောင်းမွန်တိုးတက်လာပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။