ထိုင်းနိုင်ငံယဉ်ကျေးမှုဝန်ကြီး Itthiphol Kunplome က တရုတ်ပြည် ရှန်ရှီးပြည်နယ် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းဦးစီးဌါနနှင့် ထိုင်းနိုင်ငံယဉ်ကျေးမှုဝန်ကြီးဌါနမှ အနုပညာရေးရာ ဦးစီးဌါနတို့မှအတူကျင်းပသော “ချင်မင်းဆက်ခေတ်ကစစ်သည်ရုပ်တုများ ပြသမှု” ကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည်ဟု ယခုလ ၂၉ရက်နေ့က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း၊ ၀န်ကြီး Itthiphol Kunplome သည် ချင်မင်းဆက်ခေတ်ကစစ်သည်ရုပ်တုများသည် ကမ္ဘာ့အဌမ အံ့ချီးဖွယ်ရာဖြစ်ပြီး တစ်ကမ္ဘာလုံးမှ ပြည်သူများသည် ဤရှေးဟောင်းပစ္စည်းများကို မြင်တွေ့ချင်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
၎င်းပြသမှုသည် ထိုင်းနိုင်ငံတွင် ပထမ အကြိမ်ကျင်းပမည်ဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိပြသမည်ဖြစ်ကြောင်း၊ ပြသရမည့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ၈၆ ခု ရှိကြောင်း သတင်းအရ သိရပါသည်။