တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်ခဲ့သည့် နှစ်၇၀ပြည့်မြောက်ခြင်း ညီလာခံကို ယခုနှစ် အောက်တိုဘာလ ၁ရက်နေ့ တရုတ် အမျိုးသားနေ့တွင် ပီကင်း ထျန်အန်မင် ရင်ပြင်၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း၊ ညီလာခံ အပြီး ဗိုလ်ရှုသဘင်ပွဲနှင့် ပြည်သူလူထု စီတန်းလှည့်လည်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမည် ဖြစ်ကြောင်း၊ ထိုနေ့ညတွင် ထျန်အန်မင် ရင်ပြင်၌ အမျိုးသားနေ့ ပဒေသာကပွဲ ကိုလည်း ကျင်းပမည် ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရသည်။