朱蕾

ဟောင်ကောင်ရေးရာများအပေါ် တရုတ်ပြည်၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း ဦးကျော်တင် ပြောကြား

(GMT+08:00)2019-08-29 11:34:48  

 မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချိန်ဟိုင်သည်၊ မကြာခင်က နေပြည်တော်၌ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊  နှစ်ဦးနှစ်ဖက်တို့ သည်၊ ယခု လောလော ဆယ် ဟောင်ကောင်အခြေအနေနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း China Media Group က ဖော်ပြသည်။

ချိန်ဟိုင်သည် ယခုရက်များအတွင်း တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသတွင် ဖြစ်ပွားနေသည့် ဆန္ဒပြလှည့်လည်မှုနှင့် အကြမ်းဖက်မှုများ၏ နောက်ခံ အကြောင်းနှင့် တရုတ်ပြည်၏ သဘောထားရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဦးကျော်တင်က မြန်မာနိုင်ငံအနေနှင့်၊ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် တိုင်းပြည် တစ်ပြည်၊ စနစ် နှစ်မျိုး မူဝါဒကို အစဉ်တစိုက် အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။