张晓宁

တရုတ်တိုင်းရင်းဆေးစင်တာ မန္တလေးတွင်ဖွင့်လှစ်

(GMT+08:00)2019-08-28 15:01:15  

   ယမန်နေ့၂၇ရက်နေ့က တရုတ်တိုင်းရင်းဆေးစင်တာကို မြန်မာနိုင်ငံဒုတိယအကြီးဆုံးမြို့တော် မန္တလေးမြို့တွင်ဖွင့်လှစ်ခဲ့သည်။ ယင်းတရုတ်တိုင်းရင်းဆေးစင်တာကို တည်ထောင်ရန် ၂၀၁၈ခုနှစ်က ခွင့်ပြုခဲ့ပြီး တရုတ်ယူနန်ပြည်နယ်တရုတ်တိုင်းရင်းဆေးပညာတက္ကသိုလ်၊ မြန်မာနိုင်ငံရိုးရာ ဆေးပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရိုးရာတိုင်းရင်းဆေးတက္ကသိုလ်တို့မှ လက်ခံတည်ထောင်ကြ၍ တရုတ်တိုင်းရင်းဆေးနှင့် မြန်မာတိုင်းရင်းဆေးပူးတွဲတိုးတက်ရန် ရည်ရွယ်ကြောင်း၊ ယင်းစင်တာမှ တရုတ်ဘက်တာဝန်ခံ ဝေနှင်းယီက ယင်းစင်တာသည် တရုတ်-မြန်မာနှစ်နိုင်ငံရိုးရာဆေးပညာနယ်ပယ်တွင်အပြန်အလှန်အတုယူကြခြင်း၊ တရုတ်တိုင်းရင်းဆေးကျွမ်းကျင်မှုမွမ်းမံပေးခြင်း၊ တရုတ်တိုင်းရင်းဆေး၏နိုင်ငံတကာ ဆေဝါးကုသရေးဝန်ဆောင်မှုပေးခြင်း၊ တရုတ်တိုင်းရင်းဆေးယဉ်ကျေးမှုဖလှယ်ခြင်းနှင့် တရုတ်တိုင်းရင်းဆေးပူးတွဲသုတေသနပြုခြင်းများကို အာရုံစူးစိုက်လုပ်ဆောင်မည် ဖြစ်ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။