徐敏霞

ဝမ်ယိသည် မြန်မာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တွေ့ဆုံ

(GMT+08:00)2019-08-28 09:37:34  

图片默认标题_fororder_W020190827557414202479 - 副本

图片默认标题_fororder_W020190827557414214826 - 副本

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၂၇ ရက်နေ့က ပီကင်း၌ မြန်မာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်း အရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် တွန်းအားပေး ဆောင်ရွက်မှုကို ပြတ်ပြတ်သားသား ထောက်ခံကြောင်း၊ ဘက်အသီးသီးတို့ တိုင်ပင်ဆွေးနွေးပြီး မြန်မာ အထက်ပိုင်းဒေသ အပစ်အခတ် ရပ်စဲမှုကို ဆက်လက် ထိန်းသိမ်းနိုင်ရန်၊ တရုတ်-မြန်မာ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်မှုကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် ရခိုင် အခြေအနေကို အာရုံစိုက်ပြီး ယင်းပြဿနာကို နိုင်ငံစုံ ပြဿနာနှင့် နိုင်ငံရေး ပြဿနာ ဖြစ်အောင် လုပ်ဆောင်ခြင်းကို ဆန့်ကျင်ကြောင်း ပြောကြားပါသည်။

ဦးကျော်တင့်ဆွေက၊ ရခိုင်ပြည်နယ် ဘေးရှောင် ပြည်သူများအား နေရပ် ပြန်ပို့ရေး အတွက် တရုတ်ပြည်က အကူအညီ ပေးခြင်းကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ချစ်ခင်စွာ ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းဖြင့် ရခိုင် ပြဿနာကို သင့်လျော်စွာ ဖြေရှင်း နိုင်ရန် ဆက်လက် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားပါသည်။ (ကျော့)