လေးရက်ကြာ ကျင်းပမည့် ၂၀၁၉ ခုနှစ် တရုတ် နိုင်ငံတကာ စမတ် ကုန်စည်ပြပွဲကို ယခုလ ၂၆ ရက်နေ့က ချုံချင့်မြို့၌ ဖွင့်လှစ်ခဲ့ပါသည်။ ယခုအကြိမ် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ "အင်တက်လစ်ဂျင် လုပ်ငန်းသည် စီးပွါးရေးနှင့် နေထိုင်မှုဘဝ ရှင်သန် လာစေခြင်း" ဖြစ်ပြီး ရည်မှန်းချက်မှာ စမတ် ကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အောင်ကျိုးရလဒ်များ၊ နည်းပညာသစ်များ၊ ရေစီးကြောင်း အသစ်များကို ကူးလူး လေ့လာခြင်းဖြင့် သဘောတူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်၍ ဒီဂျစ်တယ် စီးပွါးရေးနှင့် စီးပွါးရေးအုပ်စုများ နက်ရှို်င်းစွာ ရောနှောပေါင်းစပ်ခြင်းကို တွန်းအား ပေးရန်နှင့် နိုင်ငံတကာ အင်တက်လစ်ဂျင် လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် စွမ်းအားသစ် ဆောင်ကြဉ်းပေးရန် ဖြစ်သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။
တရုတ် နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် လျူဟို့သည် ကုန်စည်ပြပွဲသို့ တက်ရောက် ခဲ့ပါသည်။ လျူဟို့က၊ တရုတ်နိုင်ငံသည် ကြီးမားသော ဈေးကွက်ဆိုင်ရာ အားသာချက်များကို အသုံးချပြီး အမျိုးမျိုးသော လုပ်ငန်းကုမ္ပဏီများ တရားမျှတစွာ ယှဉ်ပြိုင်ကြရန် အားပေး ထောက်ခံပါကြောင်း၊ လုပ်ငန်းကုမ္ပဏီများ အထူးသဖြင့် အသေးစားနှင့် အလတ်စား လုပ်ငန်းကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်မှုကို အလေးထားကြောင်း၊ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးကို အားဖြည့် ဆောင်ရွက်နေကြောင်း ပြောကြားပါသည်။ (ကျော့)