ဒဿမကြိမ်မြောက် တရုတ်ပြည် မသန်စွမ်းသူများအားကစားပြိုင်ပွဲနှင့် ဥာဏ်ရည်မမီသူများ အားကစားပြိုင်ပွဲကို ယခုလ ၂၅ရက်နေ့ညက တရုတ်ပြည် ထျန်ကျင်းမြို့၌ ဖွင့်ပွဲကျင်းပခဲ့ကြောင်း၊ ၄င်းဖွင့်ပွဲတွင်အခန်းကဏ္ဍ ၄ ခု ခွဲထားပြီး အတူတကွ နေရောင်ခံစားခြင်း၊ အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ခြင်းများဆောင်ရွက်ခဲ့ကြကြောင်း၊ အားကစားပြိုင်ပွဲသည်မသန်စွမ်းသူနှင့် ဥာဏ်ရည်မမီသူများ၏ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်၍ မလျှော့သောဇွဲဖြင့် အားထုတ်ကြိုးစားရသော စိတ်ဓာတ်ကိုဖော်ပြပါကြောင်း China Media Group မှ သတင်းအရ သိရပါသည်။