ပထမသုတ် လာအိုနိုင်ငံမြောက်ပိုင်း ကားတိုက်မှုတွင် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သော တရုတ်လူမျိုး ၄ ဦးကို ယခုလ ၂၂ ရက်နေ့ညနေပိုင်းက တရုတ်တပ်မတော် ကယ်ဆယ်ရေးရဟတ်ယဉ်နှင့် အရှေ့တိုင်းလေကြောင်းကုမ္ပဏီ လေယာဉ်ဖြင့် တရုတ်နိုင်ငံ ကို ပထမအသုတ်အဖြစ် ပို့ဆောင်ခဲ့ပြီဖြစ်သည်။ လာအိုနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျိုင်းကျိုက်တုန်းနှင့် တရုတ်လုပ်ငန်းအဖွဲ့၊ “ငြိမ်းချမ်းရေးရထား” ဆေးကုသရေးအဖွဲ့၊ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များသည် ဗီယင်ကျန်းစစ်သုံးလေဆိပ်နှင့် ဝါတေအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပို့ခဲ့သည်ဟု China Media Group မှ သတင်း အရသိရပါသည်။
ယင်းဒဏ်ရာရှိသူ ၄ ဦးတို့သည် အသက် ၇၀ ကျော်ပြီိဖြစ်ပြီး အသက်အကြီးဆုံးဖြစ်သူ ၇၉ နှစ်အရွယ်ရှိသည်ဟုသိရပါသည်။