徐敏霞

တရုတ်ပြည်မှ အရည်အသွေး မြင့်မားသည့် ငွေရင်းမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် မျှော်လင့်သည်ဟု နန်နင်းရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး အရာရှိ ဆို

(GMT+08:00)2019-08-23 10:32:35  

တရုတ် ကွမ်ရှီး ပြည်နယ် နန်နင်းမြို့ရှိ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးမှ ကုန်သွယ်ရေး သံမှူးက၊ တရုတ်ပြည်မှ အရည်အသွေး မြင့်မားသည့် ငွေရင်းမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် မျှော်လင့်ကြောင်း ယခုလ ၂၂ ရက်နေ့က တရုတ် သတင်းဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။

၎င်းက၊ လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံရှိ မြို့ပြများတွင် သွားရောက် နေထိုင် အခြေချသူ ဦးရေ တစ်နေ့ထက်တစ်နေ့ တိုးများ လာနေသဖြင့် အရည်အသွေး မြင့်မားသော ကုန်ပစ္စည်း ဆိုင်ရာ ဝယ်လိုအားလည်း လိုက်ပြီး တိုးမြင့် လာနေကြောင်း၊ တရုတ်နိုင်ငံသည် လယ်ယာ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေခံ အဆောက်အဦ ဆောက်လုပ်ရေး၊ စက်ယန္တရား ထုတ်လုပ်ရေး စသည့်နယ်ပယ်များတွင် အားသာချက် ရှိပြီး မျက်မှောက်အချိန်တွင် ယင်းနယ်ပယ်များ၌ ငွေရင်း ဆွဲဆောင် နိုင်ရန် မြန်မာနိုင်ငံက မျှော်လင့်ပါကြောင်း ပြောကြားပါသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ ဒုတိယ အကြီးဆုံး ငွေရင်းမြှုပ်နှံသော နိုင်ငံ ဖြစ်ပြီး ယခုနှစ် မေလ လကုန်အထိ စာရင်းအရ မြန်မာနိုင်ငံတွင် ငွေရင်း မြှုပ်နှံသည့် တရုတ် လုပ်ငန်းကုမ္ပဏီ ၃၄၄ ခု ရှိပြီဟု သတင်းရရှိပါသည်။ (ကျော့)