辛甜

ဝါးလုပ်ငန်းနှင့်ဈေးကွက်အလားအလာနှီးနှောဖလှယ်ပွဲ ရန်ကုန်၌ကျင်းပ

(GMT+08:00)2019-08-22 11:45:07  

图片默认标题_fororder_1研讨会专家、学者合影

     ၂ ရက်ကြာကျင်းပသော ဝါးလုပ်ငန်းနှင့် ဈေးကွက်အလားအလာ နှီးနှောဖလှယ်ပွဲကို ယခုလ ၂၁ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ယခုအကြိမ် နှီးနှောဖလှယ် ပွဲသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု သီးသန့်ရန်ပုံငွေဖြင့် မြန်မာနိုင်ငံတွင် ဒုတိယအသုတ် လုပ်ငန်းအဖြစ် ၂၀၁၉ခုနှစ်အတွင်း ဆောင်ရွက်မည့် ပထမဆုံးလုပ်ငန်းဖြစ်ပြီး ယင်းနှီးနှောဖလှယ်ပွဲသို့ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံမှ ဝါးလုပ်ငန်းရှင်များနှင့် ပညာရှင်များ စုစည်းကာ အတွေ့အကြုံများ မျှဝေခံစား၍ ဝါးလုပ်ငန်းအနာဂတ်ရေးရာများကို အတူတူဆွေးနွေးခဲ့ကြသည်ဟု China Media Group မှ သတင်းအရသိရပါသည်။