辛甜

ဟွမ်ခွန်မြင်သည် ၂၆ ကြိမ်မြောက် ပေကျင်းနိုင်ငံတကာစာအုပ်ပြပွဲသို့ လည်ပတ်ကြည့်ရှု

(GMT+08:00)2019-08-22 11:46:03  

     ယခုလ ၂၁ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ဝင်၊ တရုတ်ပြန်ကြားရေးဝန်ကြီး ဟွမ်ခွန်မြင်သည် ၂၆ ကြိမ်မြောက် ပေကျင်းနိုင်ငံတကာ စာအုပ်ပြပွဲသို့ လည်ပတ်ကြည့်ရှုခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

     ဟွမ်ခွန်မြင်သည် ပြည်တွင်းထုတ်ဝေရေးဌာနပြခန်းဇုန်၊ ရိုမေးနီးယားအဓိက ဧည့်သည်တော်နိုင်ငံ ပြခန်းဇုန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်သည့် ၇၀ ပြည့်မြောက်နှစ် အနှစ်သာရကျစာအုပ်များ ပြခန်းဇုန်၊ ၁၇ ကြိမ်မြောက် ပေကျင်းနိုင်ငံတကာ စာအုပ်ပွဲတော်၊ ၉ ကြိမ်မြောက်တရုတ်ဒီဂျီဒယ်ထုတ်ဝေရေးပြပွဲ ပြခန်းဇုန်သို့ လည်ပတ်ကြည့်ရှုပြီး ပြည်တွင်းပြည်ပထုတ်ဝေရေးဌာနမှ တာဝန်ရှိသူများနှင့် ကူးလူးဖလှယ်ခဲ့ကြသည်ဟု သိရပါသည်။