辛甜

တရုတ်ခရီးသွားအဖွဲ့ လာအို၌ ပြင်းထန်သော ကားတိုက်မှုဖြစ်ပွားသောကြောင့် လူများစွာသေဆုံး၊ ဒဏ်ရာရရှိ

(GMT+08:00)2019-08-20 11:45:23  

     ဒေသစံတော်ချိန် ယခုလ ၁၉ ရက်နေ့ညနေပိုင်းက တရုတ်ခရီးသည်များ တင်ဆောင်ထားသော ဘတ်စကားတစ်စီးသည် လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းမှ Luang Prabang ပြည်နယ်သို့ သွားသော လမ်းတွင် ပြင်းထန်သော ကားတိုက်မှုဖြစ်ပွားသောကြောင့် လူများစွာ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း China Media Group မှ သတင်းအရသိရပါသည်။

လာအိုနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သတင်းအရ ဘတ်စကားပေါ်တွင် စုစုပေါင်း လူ ၄၆ ဦး တင်ဆောင်လာပြီး ၄င်းအနက် တရုတ်နိုင်ငံသား ၄၄ ဦးနှင့် လာအိုနိုင်ငံသား ၂ ဦးပါဝင်ကြောင်း၊ ၂၀ ရက်နေ့ လင်းအားကြီးအချိန်အထိ တရုတ်နိုင်ငံသား ၄၄ ဦးထဲတွင် ၈ ဦးသေဆုံးသည်ဟု အတည်ပြုပြီး ၂၉ ဦးကို ဆေးရုံသို့ ပို့ဆောင်ပြီဖြစ်ကာ ၁ ဦးပျောက်ဆုံး ၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။