徐敏霞

ထိုင်းနိုင်ငံသည် တရုတ်နှင့် အိန္ဒိယ ခရီးသည်မျာအား ၁၅ ရက်ကြာ ဗီဇာ ကင်းလွတ်ခွင့် ပေးရန် စီစဉ်

(GMT+08:00)2019-08-17 10:24:29  

ထိုင်းနိုင်ငံ ခရီးသွားနှင့် အားကစား ဝန်ကြီးဌာနသည် တရုတ်နှင့် အိန္ဒိယ ခရီးသည်မျာအား ၁၅ ရက်ကြာ ဗီဇာ ကင်းလွတ်ခွင့် ပေးရန် စီစဉ်နေကြောင်း၊ ယင်း အစီအစဉ်ကို ကက်ဘိနက်အဖွဲ့မှ စိစစ် အတည်ပြုရန် စောင့်နေကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ယခုနှစ်များအတွင်း ထိုင်းနိုင်ငံရောက် ကမ္ဘာလှည့်ခရီးသည်များအနက် တရုတ် ခရီးသည် ဦးရေမှာ အများဆုံး ဖြစ်လာပြီ ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ထိုင်းနိုင်ငံရောက် တရုတ် ခရီးသည် ဦးရေမှာ ၁၀ သန်းကျော် ရှိ၍ စံချိန်သစ် တင်နိုင်ခဲ့သည်ဟု သိရကြောင်း သတင်းရရှိပါသည်။