ယခုနှစ် ပထမနှစ်ဝက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ၏ ကျောက်မီးသွေးတွင် သွင်းမှုပမာဏမှာ တန်ချိန် ၁၄့၁၁၂သန်းရှိပြီး ယမန်နှစ်အလားတူအချိန်ပိုင်းကထက် တန်ချိန၂့၆၂၂သန်းတိုးများကာ ၂၂့၈ ရာခိုင်နှုန်းတိုးလာကြောင်း၊ ယင်းအနက် ဇွန်လက ကျောက်မီးသွေး သွင်းမှုပမာဏမှာ တန်ချိန် ၂့၆၆၆သန်းရှိ၍ ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၃၂့၇ရာခိုင်နှုန်း တိုးလာ ကြောင်း ဖိလစ်ပိုင် ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ရုံး(BOC)မှ ထုတ်ပြန်သော စာရင်းအရ သိရပါသည်။