张晓宁

နန်နင်းမြို့တွင် ဗီယက်နမ်နိုင်ငံခြားရေးရာအရာရှိများတရုတ်ဘာသာစကားမွမ်းမံသင်တန်း ဖွင့်လှစ်

(GMT+08:00)2019-08-15 13:21:58  

 ယမန်နေ့၁၄ရက်နေ့က တရုတ်နိုင်ငံကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နိုင်ငံခြားရေးရာရုံး၊ ကွမ်ရှီး တရုတ်နွယ်ဖွားများကျောင်းနှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးရာ ဦးစီးဌာနမှ အတူကြီးမှူးကျင်းပသော ဗီယက်နမ်နိုင်ငံခြားရေးရာအရာရှိများတရုတ်ဘာသာစကား မွန်းမံသင်တန်းကို နန်နင်းမြို့တွင်ဖွင့်လှစ်ခဲ့သည်။ ဗီယက်နမ်ဒေသအသီးသီးမှ နိုင်ငံခြားရေးရာအရာရှိ ၂၁ဦးတို့သည် ၁၄ရက်ကြာသောမွမ်းမံသင်တန်းများကို လက်ခံသင်ယူမည်ဖြစ်ကြောင်း၊ ယင်းကာလအတွင်း သူတို့သည် တရုတ်စကားပြော၊ တရုတ်ရိုးရာယဉ်ကျေးမှုစသောသင်တန်းများကို သင်ယူပြီး ကွမ်ရှီးရိုးရာဓလေ့နှင့်စီးပွားလူမှုရေးတိုးတက်မှု အခြေအနေများကို သိရှိုနားလည်အောင် ကွမ်ရှီးတိုင်ရင်းသားပြတိုက်နှင့် စီမံခန့်ခွဲရေးပြခန်းစသည့်နေရာများသို့ ကြည့်ရှုလှည့်လည်မည်ဖြစ်ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။