李悦

အနာဂတ်တွင် တရုတ်-အာဆီယံလယ်ယာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခွင့်ကောင်း များကို မည်သို့မိမိရရယူမည်ကို ပညာရှင်များက ဆွေးနွေး

(GMT+08:00)2019-08-15 10:37:49  

ယခုနှစ်တွင် အာဆီယံအဖွဲ့သည် တရုတ်ပြည်၏ ဒုတိယအကြီးဆုံးကုန်သွယ်ဖက် ဖြစ်လာပြီး တရုတ်ပြည်သည်လည်း ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက် ဆက်တိုက်ဖြစ်နေသည်။

တရုတ်-အာဆီယံ ကုန်သွယ်ရေးကောင်စီ အမှုဆောင်ဥက္ကဋ္ဌ ရွှီနင်နင်က ၁၃ ရက်နေ့က သတင်းထောက်များအားတွေ့ဆုံရာတွင် မျက်မှောက်ကာလ၌ ကမ္ဘာ့ စီးပွားရေး မတည်မငြိမ်ဖြစ်မှု တိုးလာသောကြောင့်၊ အိမ်နီးချင်းနိုင်ငံဖြစ်ကြသည့် တရုတ်နှင့် အာဆီယံနိုင်ငံများအနေနှင့် စိန်ခေါ်မှုများနှင့် အတူ ရင်ဆိုင်သွားကြရန်အတွက် လယ်ယာစိုက်ပျိုးရေးအပါအဝင် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုကြောင်း ပြောကြားပါသည်။