朱蕾

တရုတ် သိပ္ပံ​ပ​ညာသု​တေ​သန ဝန်ထမ်းများသည်၊ မြန်မာတွင် ရုက္ခပင်အမျိုးအစားသစ် ၅ မျိုး တွေ့ရှိ

(GMT+08:00)2019-08-15 11:21:40  

တရုတ်သိပံ္ပပညာ တံ​ခွန်​အ​သင်း အရှေ့တောင် အာရှ ဇီဝမျိုးစုံရှိမှုဆိုင်ရာ သုတေသနပြုရေးစင်တာ ရုက္ခပင်မျိုးစုံရှိမှုနှင့် ထိန်းသိမ်းကာကွယ်မှုရေးရာ သုတေသန အဖွဲ့သည်၊ မြန်မာရုက္ခပင်မျိုးစုံရှိရေးဆိုင်ရာ သုတေသနပြုလုပ်ခဲ့ရာ၌ ရုက္ခပင် အမျိုးအစား သစ် ၅ မျိုးကို တွေ့ရှိခဲ့ကြောင်း တရုတ်သိပံ္ပပညာတံခွန်အသင်း အရှေ့တောင် အာရှ ဇီဝမျိုးစုံ ရှိမှုဆိုင်ရာ သုတေသနပြုရေးစင်တာမှ သတင်းကို ကိုးကား၍ တရုတ်သတင်း ဌာနမှ သတင်းအရသိရသည်။

တရုတ်သိပံ္ပပညာ တံခွန်အသင်း အရှေ့တောင်အာရှ ဇီဝမျိုးစုံရှိမှုဆိုင်ရာ သုတေသန ပြုရေးစင်တာကို ၂၀၁၄ ခုနှစ်က တရားဝင် တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများသို့ ၈ ကြိမ် ရောက်ရှိပြီး ဇီဝမျိုးစုံးရှိရေးနှင့် စပ်လျဉ်း၍  စူးစမ်းလေ့လာခဲ့သည်ဟု သတင်းအရသိရသည်။