朱蕾

၇ ကြိမ်မြောက် တရုတ်-အာဆီယံ ထူးချွန်လူငယ် များ ကူးလူးဖလှယ်ပွဲ ဖွင့်လှစ်

(GMT+08:00)2019-08-14 13:24:11  

တရုတ်ပြည်သူ့နိုင်ငံတကာချစ်ကြည်ရေးအသင်း၊  တရုတ်-အာဆီယံအသင်းနှင့် ဟိုင်နန် ပြည်နယ် နိုင်ငံခြားရေးရာရုံးတို့မှ ပူးတွဲကျင်းပသည့် ၇ ကြိမ်မြောက် တရုတ်-အာဆီယံ ထူးချွန်လူငယ်များ ကူးလူးဖလှယ်ပွဲကို ယခုလ ၁၃ ရက်နေ့က ဟိုင်နန် တက္ကသိုလ်၌ ဖွင့်လှစ်ခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံများမှ ထူးချွန်းလူငယ်ကိုယ်စားလှယ် ၁၀၀ ခန့်သည်၊ ဟိုင်နန်ပြည်နယ် ဟိုင်ခို၊ ချွမ်ဟိုင်နှင့် ဆန်းယာ့စသည့် မြို့များတွင် ၅ ရက်ကြာ စူး​စမ်း​လေ့​လာ၊ ကူးလူးဖလှယ် သွားကြမည်ဟု သတင်းအရသိရသည်။