徐敏霞

မြန်မာလို နောက်ခံ စကားပြော တရုတ် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ခန်းဆောင်နီ အိပ်မက် မြန်မာနိုင်ငံ၌ စတင် ထုတ်လွှင့်

(GMT+08:00)2019-08-14 09:48:35  

တရုတ် ကွမ်ရှီးပြည်နယ် အသံလွှင့် ရုပ်မြင်သံကြားဌာနနှင့် မြန်မာနိုင်ငံ MRTV တို့ ပူးတွဲ ဦးစီးပြုလုပ်သော မြန်မာလို နောက်ခံ စကားပြော တရုတ် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ခန်းဆောင်နီ အိပ်မက် စတင် ထုတ်လွှင့်ပွဲ အခမ်းအနားကို ယခုလ ၁၂ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့ရာ၊ မြန်မာနိုင်ငံ ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချင်ဟိုင်၊ ကွမ်ရှီး ပြည်နယ် အသံလွှင့် ရုပ်မြင်သံကြားဌာန ဌာနမှူး ဟွမ်ယူ အပါအဝင် တရုတ်နှင့် မြန်မာ ဧည့်သည်တော် ၅၀၀ ကျော်တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

လွန်ခဲ့သည့်နှစ်များအတွင်း ကွမ်ရှီးပြည်နယ်နှင့် မြန်မာနိုင်ငံတို့သည် အသံလွှင့် အစီအစဉ်များနှင့် ရုပ်မြင်သံကြား နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် တိုးချဲ့ လာနေကြောင်း သတင်းရရှိပါသည်။ (ကျော့)