徐敏霞

တရုတ်-အာဆီယံ ကွန်ဖြူးရှပ် အတွေးအခေါ် နိုင်ငံတကာ ဖိုရမ်တွင် ကီယူလင် ကြေညာစာတမ်း ထုတ်ပြန်

(GMT+08:00)2019-08-12 09:36:39  

မကြာမီက တရုတ်-အာဆီယံ ကွန်ဖြူးရှပ် အတွေးအခေါ် နိုင်ငံတကာဖိုရမ်သည် မလေးရှားနိုင်ငံ ကီယူလင်မြို့၌ ကီယူလင် ကြေညာစာတမ်းကို တရားဝင် ထုတ်ပြန် ခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ယခုအကြိမ် ဖိုရမ်ကို ယခုလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မလေးရှား နိုင်ငံ ကီယူလင်မြို့၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး နိုင်ငံအသီးသီးမှ ပညာရှင်များ၊ ဒေသခံ အစိုးရ အရာရှိများ၊ ကွန်ဖြူးရှပ် အတွေးအခေါ် မြတ်နိုးသူ စုစုပေါင်း လူ ၁၀၀ ကျော်တို့သည် ဖိုရမ်သို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ (ကျော့)