张晓宁

၈ကြိမ်မြောက်နိုင်ငံတကာလူငယ်များယဉ်ကျေးမှုနှင့် အနုပညာဖလှယ်ရေး ရက်သတ္တပတ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

(GMT+08:00)2019-08-12 14:50:32  

တရုတ်နိုင်ငံပီကင်းမြို့ပြည်သူ့အစိုးရနိုင်ငံခြားရေးရာရုံးမှ ကြီးမှူးကျင်းပသော ၈ကြိမ်မြောက်နိုင်ငံတကာလူငယ်များယဉ်ကျေးမှုနှင့် အနုပညာကူးလူးဖလှယ်ရေး ရက်သတ္တပတ်ဖွင့်ပွဲ အခမ်းအနားကို ယခုလ ၁၀ရက်နေ့က ပီကင်းတွင်ကျင်းပခဲ့သည်။ လာမည့်၅ရက်အတွင်း ကမ္ဘာနိုင်ငံအသီးသီးမှလူငယ်များသည် အနုပညာပြသခြင်း၊ နိုင်ငံတကာကူးလူးဖလှယ်ခြင်း၊ ပီကင်းတွင်ခရီးလှည့်လှယ်ခြင်း၊ ယဉ်ကျေးမှုများ လက်တွေ့ခံစားခြင်းနှင့် ပျော်ပွဲရွှင်ပွဲကျင်းပခြင်း စသောနည်းလမ်း အမျိုးမျိုးဖြင့် တရုတ်ယဉ်ကျေးမှုများကို ခံစား၍ အပြန်အလှန်သိရှိနားလည်မှုကို တိုးပွားစေ မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   ၎င်းလှုပ်ရှားရှားမှုကျင်းပစဉ်အတွင်း နိုင်ငံအသီးသီးမှ လူငယ်များသည် မီကင်းကမ္ဘာဥယျာဉ်ပန်းမံပြပွဲ၊ ကျူးယွန်းကွမ်းမာဟာတံတိုင်းရှည်ကြီးနှင့် တရုတ်အမျိုးသား အားကစားကွင်းသို့ လှည့်လည်ကြည့်ရှုမည်ဖြစ်ကြောင်း၊ ယင်းခရီးစဉ်များဖြင့် မြို့တော်ဟောင်း၏ သမိုင်းလူမှုယဉ်ကျေးမှုများကို ခံစားပြီး ပီကင်းရိုးရာယဉ်ကျေးမှုနှင့် ခေတ်မီပီကင်းတိုးတက်မှုများကို သိရှိနားလည်နိုင်မည် ဖြစ်ကြောင်း သိရပါသည်။