朱蕾

တရုတ်ပြည်၏ အကူအညီဖြင့် မြန်မာအမျိုးသား အားကစားရုံ ပြန်လည် ပြုပြင် မွမ်းမံရေး လုပ်ငန်း စတင်

(GMT+08:00)2019-08-12 13:40:20  

图片默认标题_fororder_1中国驻缅甸大使陈海在开工仪式现场致辞.JPG

图片默认标题_fororder_3开工仪式现场嘉宾合影.JPG

တရုတ်နိုင်ငံမှ အကူအညီဖြင့် မြန်မာအမျိုးသားအားကစားရုံ ပြန်လည်ပြုပြင်မွမ်းမံရေး လုပ်ငန်းစတင်ခြင်း အခမ်းအနားကို ယခုလ ၁၁ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချိန်ဟိုင်၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ မြင့်ထွေးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ ပါဝင်တက်ရောက်ခဲ့ကြကြောင်း China Media Group က ဖော်ပြသည်။

တရုတ်ပြည်၏ အကူအညီဖြင့် တည်ဆောက်ထားသည့် မြန်မာအမျိုးသားအားကစားရုံ ကို ၁၉၈၂ခုနှစ် ဒီဇင်ဘာလက စတင် ဆောက်လုပ်ခဲ့ပြီး၊ ၁၉၈၆ခုနှစ် မတ်လက ဆောက်လုပ်ပြီးစီးခဲ့သည်။ ယင်းအဆောက်အအုံ၏ စုစုပေါင်းအ​ကျယ်​အ​ဝန်းမှာ စတုရန်း မီတာ ၂၆၀၀၀ ခန့် ဖြစ်ပြီး၊ ထိုင်းခုံ ၁၀၈၅၃ ရှိကာ၊ တရုတ်၊ မြန်မာ နှစ်နိုင်ငံတို့၏ “ချစ်ကြည်ရေးမော်​ကွန်း​တိုင်​”အဖြစ် ချီးမွမ်းခဲ့သည်ဟု သတင်းအရသိရသည်။