徐敏霞

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ်5Gလှိုင်းနှုန်းကို စမ်းသပ် အသုံးပြု

(GMT+08:00)2019-08-09 11:53:52  

မြန်မာနိုင်ငံ ဆက်သွယ်ရေး ကုမ္ပဏီသည် ဇူလိုင်လ ၂၉ ရက်နေ့က 5Gလှိုင်းနှုန်းကို စမ်းသပ် အသုံးပြုမည်ဟု တရားဝင် ကြေညာခဲ့ပါသည်။ စမ်းသပ် ပြုလုပ်ရာတွင် download မြန်နှုန်းမှာ တစ်စက္ကန့်လျှင် ၁့ ၆ ဖြစ်ပြီး upload မြန်နှုန်းမှာ တစ်စက္ကန့်လျှင် ၁၀၀Mဖြစ်ပါသည်။ စမ်းသပ်မှု ပြုလုပ်ရာ၌ မြန်မာ ဆက်သွယ်ရေး ကုမ္ပဏီသည် ဟွာဝေး နည်းပညာနှင့် စက်ကိရိယာကို အသုံးပြုသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

၂၀၁၄ ခုနှစ်ကတည်းကပင် ဟွာဝေးသည် မြန်မာနိုင်ငံနှင့် ဆက်သွယ်ရေး၊ အချက်အလက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပြီး မြန်မာနိုင်ငံ ကြိုးမဲ့ ဆက်သွယ်ရေး အဆောက်အဦ၊ စက်ကိရိယာ များစွာကို ဟွာဝေးက ပါဝင် ဆောက်လုပ် ခဲ့ပါသည်။ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံရှိ ဟွာဝေး ကုမ္ပဏီခွဲမှ ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လှိုင်းနှုန်း ကွန်ရက် ဖုံးလွှမ်းမှုနှုန်းမှာ ၂၀၁၀ ပြည့်နှစ်က ၀့ ၂ ရာခိုင်နှုန်း ရှိရာမှနေ ၂၀၁၆ ခုနှစ်က ၇၅ ရာခိုင်နှုန်းအထိ တိုးလာပြီဟု ဖေါ်ပြထားပါသည်။

မကြာမီက ကျင်းပသော 5Gလှိုင်းနှုန်း ဖိုရမ်တွင်၊ မြန်မာနိုင်ငံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးစိုးသိန်းက၊ မြန်မာနိုင်ငံ၏ ရည်မှန်းချက်သည် ၂၀၂၀ ပြည့်နှစ် ရောက်သည့်အခါ မြန်မာ လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို မြန်နှုန်းမြင့် လှိုင်းနှုန်းကို အသုံးပြုစေရန်၊ မြို့ပြ ဆက်သွယ်ရေး လှိုင်းနှုန်း၏ မြန်နှုန်းကို တစ်စက္ကန့်လျှင် ၁၀၀M ရှိစေရန်နှင့် ကျေးလက်ဒေသ၌ တစ်စက္ကန့်လျှင် ၂၀M ရှိစေရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ (ကျော့)